Product details
ဟုမ္မလင်းငါးရံ့ကြပ်တိုက်ခြောက်မီးဖုတ်
ဟုမ္မလင်းရွှေနှင်းဆီ ငါးရံ့ခြောက်မီးဖုတ် ၂၅သား
ရောင်းမလောက်တဲ့ ရွှေနှင်းဆီငါးရံ့ခြောက်
မြစ်ကမ်းနဘေးက မြို့ကလေးဖြစ်တဲ့အပြင် ချောင်းမြောင်းအင်းအ်ုင်ပေါများလှတာမို့ သဘာဝငါးရံ့တွေဟာ သူ့ရာသီနဲ့သူပေါလှပါတယ်
ညနေလောက်မှာ ငါးရံ့တွေကိုင်ရေဆေးပြီးဖိထားတာကို ညကျတော့ ကြပ်တင်..
မနက်မိုးလင်းမှာ ငါးရံ့ကြပ်တင်မစိုမခြောက်လေးရပြီ..ကြပ်တင်တဲ့အတွက် အရောင်လှဖို့ ဆေးဆိုးစရာမလိုဘူး..စိုမနေတဲ့တွက် ယင်နားဖို့အညှီနံ့မရတော့ဘူး..
ကြပ်တင်တဲ့အတွက် မီးခိုးနံ့လေးကပြေပြေလေးရတယ်..အဲ့ငါးရံ့ခြောက်ကိုမှ နေပူပူမှာ ၃ရက်လောက်ပြန်လှမ်းလိုက်ရင် ဘာဆေးမှသုံးစရာမလိုတဲ့ င့းရံ့ခြောက်ရပါပြီ..
အချ်ုလေးတယ် အသားကျစ်တယ်..ဒါကြောင့် မီးကင်ဆီဆမ်းပြီးရင် ရေနွေးကြမ်းလေးနဲ့မြုံ့ကြည့် တစ်သက်မမေ့တဲ့အရသာဖြစ်သွားမယ်..